Bijieတွင် လာဗင်ဒါပန်းစိုက်ခင်းများပန်းပွင့်ချိန်ကာလသို့ ရောက်ရှိ

(GMT+08:00)2023-06-02 15:23:35  

ယခုရက်များတွင် ကွေ့ကျိုးပြည်နယ် Bijieမြို့ Liziရွာရှိ တရုတ်ဧက စုစုပေါင်း ၅၀ကျော်ရှိသည့် လာဗင်ဒါပန်း စိုက်ခင်းများသည် ပန်းပွင့်သောကာလသို့ ရောက်ရှိပြီး ခရီးသွားများစွာကိုလည်ပတ်ကြည့်ရှုရန် ဆွဲဆောင်နေပါသည်။ ယခုနှစ်များအတွင်း Liziရွာသည် စိုက်ပျိုးခြင်း၊ အချောကိုင်ခြင်း၊ လေ့လာဖော်ထုတ်ခြင်းနှင့် ရောင်းချခြင်းတို့ကို ပေါင်းစပ်ထားသော ကွင်းဆက်တစ်ခုကို ဖွဲ့စည်းခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။