ကျန်းစူးပြည်နယ်ဟိုင်အန်မြို့ကရွာသူရွာသားများသည်ဝယ်ယူထားသောပိုးအိမ်များကိုခွဲထုတ်

(GMT+08:00)2023-06-02 15:28:36  

ဇွန်လ၁ရက်နေ့တွင်ကျန်းစူးပြည်နယ်ဟိုင်အန်မြို့ချွန်ယိကျေးရွာကပိုးအိမ်ဝယ်သည့်နေရာ၌ရွာသားများသည်အသစ်ဝယ်ယူထားသောနွေပိုးအိမ်များကိုခွဲထုတ်နေကြပါသည်။မကြာသေးမီနှစ်များအတွင်းကျန်းစူးပြည်နယ်ဟိုင်အန်းမြို့သည်ပိုးထည်အခြေစိုက်စခန်းများအားဖြည့်တည်ဆောက်ခြင်းနှင့်အဆင့်မြင့်မွေးမြူရေးနည်းပညာကိုမြှင့်တင်ခြင်းကဲ့သို့သောဆောင်ရွက်မှုများဖြင့်ပိုးထည်၊အလှကုန်နှင့်အနုပညာလက်ရာများထုတ်လုပ်ခြင်းနှင့်အချောကိုင်ခြင်းလုပ်ငန်းကွင်းဆက်တစ်ရပ်ကိုဖွဲ့စည်းခဲ့ပါသည်။ဒေသခံတောင်သူလယ်သမားများ၏အလုပ်အကိုင်နှင့်ဝင်ငွေတိုးမြင့်လာစေရန်တွန်းအားပေးခဲ့သည်။