တရုတ်နိုင်ငံထုတ်ပထမဆုံးသောအကြီးစားအပျော်စီးသင်္ဘောကြီး "Adora Magic City" သည်သင်္ဘောကျင်းမှထွက်ခွာတော့မည်

(GMT+08:00)2023-06-02 15:24:27  

ဇွန်လ၁ရက်နေ့တွင်ရှန်ဟိုင်းမြို့၌တရုတ်နိုင်ငံထုတ်ပထမဆုံးသောအကြီးစားအပျော်စီးသင်္ဘောကြီး "Adora Magic City" သည်သင်္ဘောကျင်းမှထွက်ခွာတော့မည်ဖြစ်ပါသည်။

ယင်းအပျော်စီးသင်္ဘောကြီးကအထပ်၂၄ထပ်တိုက်အမြင့်ရှိပြီးခရီးသည်နားနေခန်း၂၁၂၅ခန်းရှိကာခရီးသည်ဦးရေ၅၂၄၆ဦးစီးနင်းနိုင်ပါသည်။အများသုံးဧရိယာစတုရန်းမီတာ၄သောင်းကျော်တွင်စားသောက်ဆိုင်များ၊ပြဇာတ်ရုံ၊ရေပေါ်ဥယျာဉ်၊Gymနှင့်ဘတ်စကက်ဘောကွင်းစသည့်အမျိုးအစားစုံလင်သည့်အပန်းဖြေအဆောက်အုံအများအပြားတွဲဖက်ထားသည့်အပြင်ပင်လယ်ပေါ်ရှိအကြီးဆုံးအခွန်လွတ်ဆိုင်လည်းရှိပါသည်။