တရုတ်-လာအိုရထားလမ်းမှတစ်ဆင့်ယွမ်သန်း၅၆၀ခန့်တန်ဖိုးရှိသောသစ်သီးဝလံတန်ချိန်၂၀၀၀၀ကျော်တင်သွင်း

(GMT+08:00)2023-06-02 15:20:31  

၂၀၂၂ခုနှစ် ဒီဇင်ဘာလကယူနန်ပြည်နယ်မိုဟန်မြို့ မီးရထားနယ်စပ်ဂိတ် သစ်သီးတင်သွင်းကုန်များသတ်မှတ်ထားသောကြီးကြပ်ရေးနေရာစတင်ဖွင့်လှစ်ပြီးနောက်ယခုနှစ် ဇွန်လ ၁ ရက်နေ့အထိတရုတ်-လာအိုရထားလမ်းမှတစ်ဆင့်ယွမ်သန်း၅၆၀ခန့်တန်ဖိုးရှိသောသစ်သီးဝလံတန်ချိန်၂၃၀၀၀ကိုတင်သွင်းနေပြီဖြစ်ကြောင်း China Railway Kunming Group မှ သိရပါသည်။

ယခုနှစ်တရုတ်-လာအိုရထားလမ်းမှတစ်ဆင့်အပူပိုင်းဒေသသစ်သီးများသယ်ယူပို့ဆောင်ရေးရာသီသည်ဇွန်လလကုန်ပိုင်းအထိကြာမြင့်မည်ဖြစ်ပြီးယခုနှစ်တွင် ဒူးရင်းသီး၊သရက်သီးအပါအဝင် အရှေ့တောင်အာရှမှအပူပိုင်းဒေသသစ်သီးဝလံများတင်သွင်းမှုပမာဏမှာတန်ချိန် ၃ သောင်းကျော်နိုင်ဖွယ်ရာရှိကြောင်းသိရပါသည်။