ပိုးဥ ၁ ဂရမ်သည် အမှိုက် ၁၀ ကီလိုဂရမ်ကို “စား”နိုင်

(GMT+08:00)2023-06-02 15:18:50  

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် Hengqin ကွမ်တုန်း-မကာအို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးဇုန်ရှိ မီးဖိုချောင် အမှိုက် စွန့်ပစ်ခြင်း စမ်းသပ်ရေးစခန်းတွင် သောင်းနှင့်ချီသော Black soldier fly များသည် မီးဖိုချောင်အမှိုက်စွန့်ပစ်နေရာတွင် “ပါရဂူ” ဖြစ်လာပါသည်။

Black soldier fly များသည် မီးဖိုချောင်အမှိုက်များကို အဆက်မပြတ် စားကြပါသည်။ ၄င်းအင်းဆက်ငယ်များသည် ၇ရက် ကြာပြီးနောက် ၁မီလီမီတာခန့်ရှိသော ပိုးဥဥပြီး အရှည် ၂ စင်တီမီတာ ဖြစ်သည့် အင်္ဂါစုံပိုးကောင်ဖြစ်လာပါသည်။ Black soldier fly ပိုးဥ ၁ ဂရမ်သည် မီးဖိုချောင်အမှိုက် စသည့် အော်ဂဲနစ်အမှိုက် ၁၀ ကီလိုဂရမ်ကို “စား”နိုင်ပြီး ၁.၅ ကီလိုဂရမ်မှ ၂ ကီလိုဂရမ်အထိ အင်းဆက်ပိုးမွှားများနှင့် ၂ကီလိုဂရမ်မှ ၄ကီလိုဂရမ်အထိ အော်ဂဲနစ်မြေသြဇာကို ထုတ်လုပ်နိုင်ပါသည်။