ကန်သည်စီးပွားကုန်သွယ်မှုကိုအကြောင်းပြုပြီးထိုင်ဝမ်သီးခြားတည်ရှိရေးအင်အားစုအားမှားယွင်းသောအချက် မပြရဟု တရုတ် ဆို

(GMT+08:00)2023-06-02 15:14:06  

အမေရိကန်နှင့် ထိုင်ဝမ်တို့သည် စီးပွားကုန်သွယ်မှုသဘောတူစာချုပ်ကိုချုပ်ဆိုမည့်သတင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူမော်နင်ကအမေရိကန်သည် စီးပွားကုန်သွယ်မှုကိုအကြောင်းပြုပြီးထိုင်ဝမ်သီးခြားတည်ရှိရေးအင်အားစုအားမှားယွင်းသောအချက်မပြရကြောင်း ၁ ရက်နေ့ကကျင်းပခဲ့သောပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ထိုင်ဝမ်နှင့် အမေရိကန်တို့သည် ကြာသပတေးနေ့တွင် စီးပွားကုန်သွယ်ရေးသဘောတူညီချက်ကိုချုပ်ဆိုမည်ဖြစ်ပြီးအနာဂတ်တွင် ဘက်စုံလွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်ကိုချုပ်ဆိုနိုင်ရန် မျှော်လင့်ကြောင်းထိုင်ဝမ်သက်ဆိုင်ရာဌာနကမကြာခင်ကဖော်ပြခဲ့ပါသည်။