ဂျပန်တံငါသည်များသည် ကမ်းလွန်ပင်လယ်ပြင်တွင် အလင်းပေါက်သောကင်းမွန်တစ်ကောင်ဖမ်းမိ

(GMT+08:00)2023-06-02 15:21:26  

မကြာခင်ရက်များက ဂျပန်တံငါသည်တစ်ဦးသည် Shimane ပြည်နယ်Oki-gun ကမ်းလွန်ပင်လယ်ပြင်တွင် အလင်းပေါက်သောကင်းမွန်တစ်ကောင်ဖမ်းမိခဲ့ပါသည်။ ယင်း ကင်းမွန်သည် အရှည်စင်တီမီတာ၂၀ခန့်ရှိပြီး ကြည်လင်နေသောကိုယ်ထည်ပေါ်တွင် လိမ္မော်ရောင်အစက်အပြောက်များရှိပါသည်။ ထိုကင်းမွန်မျိုးသည် များသောအားဖြင့် ပစိဖိတ်သမုဒ္ဒရာအတွင်း အနက် မီတာ ၁၀၀၀ ခန့်နေရာတွင် နေထိုင်ကြပြီး  အစာရှာဖွေရန် အပေါ်သို့လွင့်မျောလာတတ်သည့် အလေ့အထရှိကာဂျပန်ပင်လယ်တွင် တွေ့ရှိရန် အလွန်ရှားပါးကြောင်း Shimane တက္ကသိုလ်မှ ကျွမ်းကျင်သူတစ်ဦးက ပြောကြားပါသည်။