အမေရိကန်-တရုတ်အကျိုးစီးပွား ရောနှောပြီး တွဲဖက်အမွှာကဲ့သို့ ခွဲ၍ မရဟူသော Elon Musk၏ ပြောဆိုချက်ကို ဝါရှင်တန်က နိုင်ငံရေး သမားများ စဉ်းစားသင့်ကြောင်း

(GMT+08:00)2023-06-01 17:00:03  

၃နှစ်အကြာတွင် အမေရိကန် Tesla ကုမ္ပဏီ CEO Elon Muskသည် တရုတ်ပြည်သို့

ထပ်မံ လာရောက် ခရီးလှည့်လည်ခဲ့ပါသည်။ မေလ ၃၀ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်းသည် Elon Muskနှင့် တွေ့ဆုံနှုတ်ဆက် ခဲ့ပါသည်။ ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် Elon Muskက ချိတ်ဆက်မှု ပြတ်တောက်ရန် ပြုလုပ်ခြင်းကို ဆန့်ကျင်ကြောင်း၊ အမေရိကန်-တရုတ် အကျိုးစီးပွား ရောနှောပြီး တွဲဖက်  အမွှာကဲ့သို့ ခွဲ၍ မရကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်-အမေရိကန် ဆက်ဆံမှုက အခက်အခဲများကို ကြုံတွေ့နေရသည့် လက်ရှိအချိန်တွင် Elon Muskသည် အမေရိကန် လုပ်ငန်းရှင်များ၏ ရင်ဖွင့်သံကို ပြောကြားခဲ့ပြီး ဝါရှင်တန်ဘက်မှ လေးနက်စွာ နားထောင်သင့်ပါသည်။

ယခုနှစ်တွင် Apple၊ J.P.Morgan Chase & Coနှင့် General Motorsစသည့် အမေရိကန် ကုမ္ပဏီကြီးများမှ အဆင့်မြင့် အရာရှိများသည် တရုတ်ပြည်သို့ ရှေ့ဆင့်နောက်ဆင့် လာရောက် ခရီးလှည့်လည်ခဲ့ပါသည်။ ယင်းသည် “တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာ့ အတွက် အခွင့်ကောင်း ဖြစ်ခြင်း”ကို အကောင်းဆုံး သက်သေပြမှု ဖြစ်ပါသည်။

လွန်ခဲ့သည့် သီတင်းပတ်က တရုတ် ကုန်သွယ်ရေး ဝန်ကြီးသည် အမေရိကန် လုပ်ငန်း ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ရှန်ဟိုင်းတွင် နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ရာ တရုတ်ပြည် အနေနှင့် အဆင့်မြင့်မားသော တံခါးဖွင့်မှုကို ဦးလည်မသုန် တွန်းအားပေးပြီး တရုတ်ပြည်တွင် အမေရိကန် လုပ်ငန်း ကုမ္ပဏီများ၏ ဆက်လက် ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန် အကျိုးရှိစေရေးကို အကောင်အထည် ဖော်ဆောင်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။ ၄င်းနှီးနှောဖလှယ်ပွဲကို တက်ရောက်သည့် အမေရိကန် ကုမ္ပဏီများမှ ကိုယ်စားလှယ်များက မိမိတို့ ကုမ္ပဏီများသည် တရုတ် ဈေးကွက်၏ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာ အပေါ် ဆက်တိုက် အကောင်းဘက်မှ မြင်ပြီး တရုတ် ဈေးကွက်တွင် လုပ်ငန်းများကို တစ်ဆင့်တိုးချဲ့လိုကြောင်း အသီးသီး ဖော်ပြခဲ့ကြပါသည်။

တရုတ်-အမေရိကန် စီးပွားရေးသည် နက်ရှိုင်းစွာ ရောနှောပေါင်းစပ်ပြီး နှစ်ဖက် အကြား အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းသည် နှစ်နိုင်ငံတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီရုံ သာမက ကမ္ဘာ အတွက်လည်း အကျိုးရှိပါသည်။ တရုတ်ပြည် အနေနှင့် တရုတ်-အမေရိကန် ဆက်ဆံမှု ကောင်းမွန်စေရေး အပေါ် စိတ်ရင်းစေတနာ အမြဲ ထားရှိပါသည်။ အမေရိကန်သည်လည်း ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။ တရုတ်-အမေရိကန် ဆက်ဆံမှု ပြန်လည် နွေးထွေးလာမည်ဟု ခန့်မှန်း ဖော်ပြထားသည့် ဝါရှင်တန်မှ မူဝါဒ ချမှတ်သူများသည် ၄င်းတို့၏ မှားယွင်းသော လုပ်ဆောင်မှုများကို ရပ်တန့်ပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု အတွက် တွန်းအားပေးသင့်ပါသည်။