ထိုင်းနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန၌ ပေါက်ကွဲမှု ဖြစ်ပွား

(GMT+08:00)2023-06-01 17:01:33  

မေလ ၃၁ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန၌ ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပါသည်။ စုံစမ်းစစ်ဆေးမှုအရ ထိုနေ့နံနက် ၁၀နာရီ၌ ထိုင်းနိုင်ငံတော်ဝန်ကြီးဌာနထဲတွင် မီးပြတ်သည့်အတွက် ဝန်ထမ်းက ဓာတ်အားပေးစက်ကို ပြုပြင်ရာ ဓာတ်အားပေးစက်၏ဘထ္ထရီဟောင်းပြီး ဖေါင်းပွနေသည်ကို မြင်တွေ့ခဲ့ကြောင်း၊ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြာပြီးနောက် ဘထ္ထရီပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားကာ ဝန်ထမ်းတစ်ဦး၏ ညာဘက်မျက်လုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။