ပေကျင်းမြို့ထဲတွင် ရှ၊ ရှန် နှင့် ကျိုးမင်းဆက်တို့မှ ရှေးဟောင်းပစ္စည်းများ ပထမဆုံးအကြိမ်တွေ့ရှိ

(GMT+08:00)2023-06-01 17:04:07  

မေလ ၃၀ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော် ယဉ်ကျေးမှု အမွေအနှစ် ဌာနသည် “တရုတ် ရှေးဟောင်းသုတေသန”ဟူသော ခေါင်းစဉ်နှင့် အစည်းအဝေးကျင်းပခဲ့ရာ ယခုလောလောဆယ်တွင် ရှာဖွေတွေ့ရှိသော ရှန်မင်းဆက်၏ ရှေးဟောင်း သုတေသန အောင်ကျိုးရလာဒ်များကို တင်ပြခဲ့ပါသည်။ ယင်းအနက် ပေကျင်း ဖွန်းထိုင်ရပ်ကွက် ရှင်းကွန်းတွင် တွေ့ရှိခဲ့သော တာ့ထိုထုပ်ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းက တရုတ်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသ ထူးခြားချက်ပါသော မြေအိုးများ၊ ကျောက်စိမ်းကွင်းများ၊ ရွှေနားတောင်းများနှင့် စိမ်းပြာရောင်လည်ဆွဲများ ကဲ့သို့သော ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း  ဖော်ပြပါသည်။