ရှီကျင့်ဖိန်သည် ဇွန်လ ၁ ရက်နေ့ နိုင်ငံတကာ ကလေးများ နေ့အတွက် တရုတ် တပြည်လုံးမှ ကလေးများအား ဂုဏ်ပြု

(GMT+08:00)2023-06-01 17:02:00  

ဇွန်လ ၁ ရက်နေ့ နိုင်ငံတကာ ကလေးများ နေ့ ရောက်လာသည့်အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မေလ ၃၁ ရက်နေ့က ဘေကျင်း Yu Ying မူလတန်းနှင့် အလယ်တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ဆရာမများ နှင့် ကျောင်းသားကျောင်းသူများအား နှစ်သိမ့်အားပေးသည့်အပြင် ဇွန်လ ၁ ရက်နေ့ နိုင်ငံတကာ ကလေးများ နေ့အတွက် တရုတ် တပြည်လုံးမှ ကလေးများအား ဂုဏ်ပြုခဲ့ပါသည်။

ရှီကျင့်ဖိန်က ကလေးများသည် အမိနိုင်ငံ၏ အနာဂတ်နှင့် တရုတ် အမျိုးသား၏ မျှော်လင့်ချက်ဖြစ်ကြောင်း၊ ခေတ်သစ်တွင် တရုတ်ကလေးများသည် ရည်မှန်းချက်၊ အိပ်မက်၊ သင်ယူလိုစိတ်၊ အလုပ်အကိုင်လုပ်ကိုင်ချင်စိတ်ရှိသင့်ပြီး၊ ကျေးဇူးသိတတ်သူ၊ ဖော်ရွေသောသူ၊ ဆန်းသစ်တီထွင်ဝံ့သူ၊ ရုန်းကန်ကြိုးပမ်းဝံ့သူနှင့် ကိုယ်ကျင့်တရား၊ ဉာဏ်ပညာ၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု စသဖြင့် ပြီးပြည့်စုံသူများ ဖြစ်သင့်ကြောင်း၊ ကလေးများအနေနှင့် အင်အားတောင့်တင်းသော အမိနိုင်ငံ တည်ဆောက်ရေး နှင့် အမျိုးသား နာလန်ပြန်ထူလာရေးအတွက် စာကြိုးစားရန်၊ မိဘ၊ တရုတ်ကွန်မြူနစ်ပါတီ နှင့် တရုတ်ပြည်သူများ၏ မျှော်မှန်းချက် အတိုင်း ရှင်သန်နေထိုင်ရန် မျှော်လင့် ကြောင်း အလေးထားပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က လက်ရှိ ကလေးသူငယ်များသည် အင်အားတောင့်တင်းသော အမိနိုင်ငံ တည်ဆောက်ရေး နှင့် အမျိုးသား နာလန်ပြန်ထူလာရေးအတွက် ဆက်ခံသူနှင့် အနာဂတ် အဓိက အင်အားစုဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က မိဘဖြစ်သူများ အားလုံး ကျန်းမာ ချမ်းသာပါစေဟု ဆုမွန်ကောင်းတောင်းပေးပြီး၊ ဆရာ ဆရာမ များအားလုံး မြင့်မြတ်သော အလုပ်အကိုင် နေရာများတွင် ဆက်လက် အကျိုးဆောင်နိုင်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါသည်။