အိန္ဒိယ ခရီးသည်တင်ကား လျှိုမြောင်သို့ ကျ၍ လူ ၁၀ဦး သေဆုံး ၅၅ဦး ဒဏ်ရာရရှိ

(GMT+08:00)2023-05-31 16:46:52  

  မေလ ၃၀ရက်နေ့ နံနက်ပိုင်းက အိန္ဒိယ နိုင်ငံ Jammuဒေသတွင် Amritsarမှ Katraသို့ ခရီးသည်တင်ဆောင်သွားသည့် ကား တစ်စီးသည် လျှိုမြောင်ထဲသို့ ကျ၍ လူ ၁၀ဦး သေဆုံးကာ  ၅၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ အိန္ဒိယ၊ ANIစသည့် မီဒီယာများက ထိုနေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၄င်းခရီးသည်တင်ကားတွင် ခရီးသည် ၇၅ဦး တင်ဆောင်ထားပြီး ခရီးသည် တင်ဆောင်မှု များလွန်း ခြင်းကြောင့် ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနက ဖော်ပြထား ပါသည်။