IAEA၏ လုံခြုံရေးဆိုင်ရာစုံစမ်းစစ်ဆေးမှုကိုရင်ဆိုင်လျက် ဂျပန်ကမေးခွန်းငါးခုကိုဖြေသင့်သည်

(GMT+08:00)2023-05-31 15:52:13  

မေလ ၂၉ ရက်နေ့ကစပြီးIAEAကျွမ်းကျင်ပညာရှင်များအဖွဲ့ဟာဂျပန်နိုင်ငံမှာငါးရက်ကြာစုံစမ်းစစ်ဆေးမှုများပြုလုပ်မှာဖြစ်ပါတယ်။ ဂျပန် မီဒီယာမှ သတင်းအရအဲဒါဟာ IAEA အဖွဲ့ကနောက်ဆုံးအကဲဖြတ် အစီရင်ခံစာကိုမထုတ်ပြန်ခင်မှာဖူကူရှီးမားကျွန်းနျူကလီးယားညစ်ညမ်းရေကိုပင်လယ်ထဲသို့ စွန့်ပစ်ရေးအစီအစဉ်ကိုနောက်ဆုံးအကြိမ် လုံခြုံရေးစုံစမ်းစစ်ဆေးမှုဖြစ်ပါတယ်။ 

   IAEA အဖွဲ့ဟာနိုင်ငံတကာအသိုင်းအဝိုင်းကအသိအမှတ်ပြုကြတဲ့ နိုင်ငံအသီးသီးတို့ရဲ့ နျူကလီးယားမပြန့်ပွားရေးဆိုင်ရာဝတ္တရားနဲ့ ကတိပြုချက်များကိုကြပ်မတ်ပေးတဲ့ အဓိကနိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

နျူကလီးယားညစ်ညမ်းရေကိုပင်လယ်ထဲသို့ စွန့်ပစ်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီးဂျပန်အနေနဲ့နိုင်ငံတကာမိသားစုကြီးကအာရုံစူးစိုက်နေတဲ့ မေးခွန်းငါးခုကိုဖြေသင့်ပါတယ်။

၁။ ဖူကူရှီးမားနျူကလီးယားညစ်ညမ်းရေကိုကိုင်တွယ်ဖြေရှင်းရန် ပင်လယ်ထဲသို့ ထုတ်ပစ်ဖို့ဟာတစ်ခုတည်းသောဖြေရှင်းရေးနည်းလမ်းလား။

ဂျပန်အစိုးရကနျူကလီးယားညစ်ညမ်းရေးကိုကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းငါးမျိုးကိုတင်ပြခဲ့ဖူးတယ်။ ဂျပန်အစိုးရ ကျွမ်းကျင်ပညာရှင်များကော်မရှင်ကအခြားသောနည်းလမ်းများနဲ့ နှိုင်းယှဉ်ရင် ပင်လယ်ထဲသို့ ထုတ်ပစ်တဲ့နည်းလမ်းဟာကုန်ကျစရိတ် အသက်သာဆုံးဖြစ်တဲ့အပြင် ဂျပန် အတွက် ညစ်ညမ်းမှုအန္တရာယ် အနည်းဆုံးလည်းဖြစ်တယ်လို့ အရိပ်အမြွက် ပြောခဲ့ဖူးတယ်။

၂။ တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီရဲ့ နျူကလီးယားညစ်ညမ်းရေဆိုင်ရာအချက်အလက်တွေယုံကြည်အားကိုးနိုင်ပါသလား။

၂၀၁၁ ခုနှစ်ကဖူကူရှီးမားကျွန်းနျူကလီးယားယိုထွက်မှုဖြစ်ပွားခဲ့တဲ့ နောက်ပိုင်းမှာတိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီကစစ်မှန်တဲ့ အချက်အလက်များကိုပြင်ဆင်ခဲ့ခြင်းနဲ့ ဖြစ်ရပ်မှန်များကိုဖုံးကွယ်ခဲ့ခြင်းသတင်းတွေအကြိမ်ပေါင်းများစွာပေါက်ကြားခဲ့ဖူးပါတယ်။

၃။ နျူကလီးယားညစ်ညမ်းရေကိုသန့်စင်ပေးတဲ့စက် ညစ်ညမ်းဓာတ်ပစ္စည်းတွေကိုတကယ် သန့်စင်ပေးနိုင်သလား။

လေ့လာချက်များအရဖူကီရှီးမားကျွန်းနျူကလီးယားညစ်ညမ်းရေထဲမှာဓာတ်ရောင်ခြည်ဖြာထွက်မှုဓာတ်ပစ္စည်းအနည်းဆုံး ၆၀ ကျော် ရှိပြီးအပျစ်ဒီဂရီလည်းအလွန်မြင့်ကာလက်ရှိအချိန်မှာလုံးဝသန့်ရှင်းပေးနိုင်တဲ့ နည်းလမ်းမတွေ့သေးပါဘူး။

၄။ နျူကလီးယားညစ်ညမ်းရေကိုပင်လယ်ထဲသို့ ထုတ်ပစ်ခြင်းရဲ့ ပတ်ဝန်းကျင် အပေါ် ဂယက်ရိုက်ခတ်မှုနဲ့ ပတ်သက်ပြီးဘာဖြစ်လို့ ဂျပန်ကယခုအချိန်အထိသိပ္ပံနည်းပညာကျတဲ့ အကဲဖြတ်မှုမပေးရသေးသလဲ။

ဖူကူရှီးမားကျွန်းအနီးအနားမှာကမ္ဘာရဲ့ အားအပြင်းဆုံးသောပင်လယ်ရေစီးကြောင်းရှိပြီးနျူကလီးယားညစ်ညမ်းရေကိုပင်လယ်ထဲသို့ ထုတ်ပစ် ပြီးနောက် ၁၀ နှစ်အတွင်းနျူကလီးယားဓာတ်ပစ္စည်းတွေဟာတစ်ကမ္ဘာလုံးမှ ပင်လယ်များသို့ ပျံ့နှံ့သွားမယ်လို့ နိုင်ငံတကာလေ့လာချက်အရသိရပါတယ်။

၅။ နျူကလီးယားညစ်ညမ်းရေကိုပင်လယ်ထဲသို့ စွန့်ပစ်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီးဂျပန်ကဘာဖြစ်လို့ အိမ်နီးချင်းနိုင်ငံများ၊ ပစိဖိတ်ကျွန်းနိုင်ငံများအပါအဝင် သက်ဆိုင်ရာတို့နဲ့ အပြည့်အဝတိုင်ပင်ဆွေးနွေးမှုမပြုလုပ်တာလဲ။