Chongqing တိရစ္ဆာန်ငယ်များအား အရသာရှိသော အစားအစာများကို ကျွေးမွေးခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကို ကြိုဆို

(GMT+08:00)2023-05-31 16:41:42  

  အပြည်ပြည်ဆိုင်ရာကလေးများနေ့ နီးကပ် လာပြီမို့  မေလ ၃၀ရက်နေ့က  Chongqing တိရစ္ဆာန်ရုံမှ ဝန်ထမ်းများသည် ပန်ဒါကြီးများ၊ ရွှေမျောက်များ၊ လီမာမျောက်များ ၊ ဝက်ဝံနက်များနှင့် အခြားသော တိရစ္ဆာန်ငယ် များကို အစားအစာများ ကျွေးမွေးခဲ့ကြ ပါသည်။ ထိုနေ့တွင်  တိရစ္ဆာန်ငယ် များ အတွက် မျှစ်၊ မုန်လာဥနီ၊ ပန်းသီး၊ ကြက်သား၊ သခွားဖရုံ ၊ ဆလတ်နှင့် အခြား အစားအစာများကိုကျွေးမွေးခဲ့ကြပြီး   ဇွန်လ ၁ ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကို  ကြိုဆိုခဲ့ကြပါသည်။