ဝူကျိုးမြို့ လျှပ်စစ်လုပ်သားများသည် မြင့်မားသောအပူဒဏ်အောက် လိုင်း စစ်ဆေး ပြုပြင်ခြင်းများ ဆောင်ရွက်

(GMT+08:00)2023-05-31 16:48:30  

မေလ၃၀ ရက်နေ့က တရုတ်ကွမ်ရှီး ဝူကျိုးမြို့ ဝမ့်ရှုပါဝါ ထောက်ပံ့ရေးဌာနခွဲ လျှပ်စစ်ဓာတ် အားလိုင်း စီမံခန့်ခွဲရေးအဖွဲ့မှ ၀န်ထမ်းများသည် ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အပြည့်အဝ အာမခံပေးရန် ပူပြင်းသောအပူချိန်ဒဏ်အောက်တွင် 10 kv လျန်ဟွာ ဓာတ်အားလိုင်း ၁  ၂၄ လျှပ်စစ်တိုင်ပေါ်တွင် လိုင်းစစ်ဆေးပြုပြင်ခြင်း လုပ်ငန်းကို ဆောင်ရွက် ခဲ့သည်။ 

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကွမ်ရှီးဝူကျိုးမြို့တွင် အပူချိန်မြင့်မားမှုသတိပေးချက်များကို ဆက်တိုက်ထုတ်ပြန်ခဲ့ပြီး ပြင်ပအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်အထက်သို့ရောက်ရှိခဲ့ ကာ လျှပ်စစ် ဝန်အားမှာ ဆက်လက်မြင့်တက်လျက်ရှိသည်။ မဟာဓာတ်အားလိုင်း ဘေးကင်းရေးနှင့် ပြည်သူများ၏ နေ့စဉ်ဘဝတွင် လျှပ်စစ် အန္တရာယ် ကင်းစေရန်အတွက် ယင်းဌာနက အစီအမံများစွာကို ဆောင်ရွက်ကာ အရေးကြီးသော လိုင်းများကို စဉ်ဆက်မပြတ် လှည့်ပတ် ကြည့်ရှုပြီး အရေးကြီးသော အပိုင်းများတွင် နေရာထိုင်ခင်းများ ထားရှိကာ အရေးပေါ် ပြုပြင်ရေး ဝန်ထမ်းများဖြင့် ၂၄ နာရီ စောင့် ကြည့် လျက် ရှိကြောင်း၊ စက်ကိရိယာလိုင်းများသည် လုံခြုံပြီး ထိန်းချုပ်နိုင်သော အခြေအနေတွင် ရှိနေစေရန်နှင့် နေထိုင်သူများအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အပြည့်အဝ အာမခံပေးနေသည်။