နိုင်ငံတော်လုံခြုံရေးစနစ်နှင့်စွမ်းဆောင်ရည်ခေတ်မီရေးကိုလျင်မြန်စွာ တွန်းအားပေးပြီး နိုင်ငံတော်လုံခြုံရေး အခြေအနေသစ်ဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသစ်ကိုအာမခံပေးရန်ဆောင်ရွက်ရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2023-05-31 16:40:30  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊တရုတ်နိုင်ငံသမ္မတ၊ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ပါတီဗဟိုကော်မတီနိုင်ငံတော်လုံခြုံရေးကော်မရှင်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် မေလ၃၀ရက်နေ့ညနေပိုင်းတွင်အကြိမ်၂၀မြောက်နိုင်ငံတော်လုံခြုံရေးကော်မရှင်ပထမအကြိမ်အစည်းအဝေးကိုကြီးမှူးကျင်းပခဲ့ပါသည်။

ရှီကျင့်ဖိန်ကတရုတ်ကွန်မြူနစ်ပါတီအကြိမ်၂၀မြောက်ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ၏ရည်မှန်းချက်အကြောင်းအရာများကိုဘက်စုံအကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊အရေးကြီးသောနိုင်ငံတော်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုမှန်ကန်စွာကိုင်တွယ်ထားပြီး၊ နိုင်ငံတော်လုံခြုံရေးစနစ်နှင့်စွမ်းဆောင်ရည်ခေတ်မီရေးကို လျင်မြန်စွာ တွန်းအားပေးကာ၊ နိုင်ငံတော်လုံခြုံရေးလုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍသစ်ကိုဖန်တီးရန်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းအလေးထားပြောကြားခဲ့ပါသည်။