ရှီကျင့်ဖိန်သည် ဘင်္ဂလားဒေ့ရှ်မှ မိန်းကလေး အာလီဖာချင် အား စာပြန်

(GMT+08:00)2023-05-31 16:50:55  

မကြာခင်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘင်္ဂလားဒေ့ရှ်မှ မိန်းကလေး အာလီဖာ ချင်အား ပြန်စာ ပေးပို့ပြီး ၎င်းအား ကြိုးကြိုးစားစား စာကျက်ပြီး အိပ်မက်ကို ဖော်ဆောင်ဖို့ ကြိုးပမ်းကာ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံရန် အားပေး မှာ ကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်ရေတပ်မှ ဆေးကုသရေး သင်္ဘော PeaceArk  ပေါ်ရှိ အမျိုးသမီး စစ်ဆရာဝန်သည် Chattogram ၌ မီးဖွားရာတွင် အခက်ကြုံနေခဲ့သည့် အာလီဖာ ချက်၏ မိခင်ကို အကူအညီပေးပြီး နောက်ဆုံးတွင် အာလီဖာ ချက်၏ မိခင်က ချောမောစွာ ကလေး မွေးဖွားနိုင်ခဲ့သဖြင့် အာလီဖာ ချက်၏ ဖခင်က “တရုတ်” လို့ အဓိပ္ပါယ် ဖြစ်သည့် ဘင်္ဂလား ဒေ့ရှ်စကား “ချက်” ဖြင့် ကလေးကို နာမည်မှည့်ပေး၍ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် အကြား စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် ချစ်ကြည်ရေး အခန်းသစ်ကို သရုပ်ဖော်ခဲ့ကြောင်း၊ အာလီဖာ ချင်သည် ကြီးပြင်းလာပြီးနောက် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေး သံတမန် အဖြစ် ဆောင်ရွက်နိုင်ရန်၊ အနာဂတ်တွင် တရုတ်ပြည်သို့ လာရောက် ဆေးပညာ သင်ယူလေ့လာဆည်းပူး၍ “တရုတ် မေမေ” လို ရောဂါသည်များအား ကုသပေးနိုင်ရန် ဆန္ဒရှိသည်ကို ကြားသိရပြီး လွန်စွာ ဝမ်းသာ ပါကြောင်း ရေးသားဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။