အရှေ့တောင်အာရှမှ နာမည်ကျော် ဒူးရင်းသီး ၁၁မျိုး ဟိုင်းနန် Qionghai တွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့

(GMT+08:00)2023-05-31 16:38:21  

တရုတ်နိုင်ငံ ဟိုင်းနန်ပြည်နယ် Qionghai မြို့ရှိ “ကမ္ဘာ့အပူပိုင်းသစ်သီးပြတင်းပေါက်” စခန်းတွင် အရှေ့တောင်အာရှမှ တင်သွင်းသော နာမည်ကျော် ဒူးရင်းသီး ၁၁မျိုးကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်သြဂုတ်လတွင် အသီးများကို ဆွတ်ခူးကာ ဈေးကွက်တွင် စတင်ရောင်းချနိုင်မည်ဟု ခန့်မှန်းထားကြောင်း မေလ ၂၂ရက်နေ့က စခန်းမှ ထုတ်ပြန်သော သတင်းအရ သိရပါသည်။

နှစ်စဉ်နှစ်တိုင်း ဧပြီလ လဆန်းတွင် ဒူးရင်းသီး အမြောက်အများ ဈေးကွက်တွင် စတင် ရောင်းချပြီး မေလတွင် ရောင်းအား အကောင်းဆုံးရာသီ ဖြစ်ပါသည်။ ၂၀၂၃ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ လတ်ဆတ်သော ဒူးရင်းသီး တင်သွင်းမှု အရင်းအမြစ်နိုင်ငံသည် ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် စသည့် နိုင်ငံ သုံးနိုင်ငံအထိ တိုးများလာခဲ့ပါသည်။