ချင်ကန်း သည် Elon Reeve Musk နှင့် တွေ့ဆုံ

(GMT+08:00)2023-05-31 16:39:34  

မေလ ၃၀ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း သည် အမေရိကန် Tesla ကုမ္ပဏီ CEO Elon Reeve Musk နှင့် ဘေကျင်းမြို့တွင် တွေ့ဆုံခဲ့ သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘဆိုက်မှ ထုတ်ပြန်သော သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီး ချင်ကန်း က တရုတ်နိုင်ငံ၏ စွမ်းအင်သစ် မော်တော်ကား လုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်ရန် ရှေ့အလားအလာ ကောင်းမွန်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံခြားသို့ အရည်အသွေးမြင့် တံခါးဖွင့်ရေးမူဝါဒကို ဦးလည်မသုန် ဆက်လက် တွန်းအား ပေးမည် ဖြစ်ပြီး Tesla ကုမ္ပဏီအပါအဝင် နိုင်ငံအသီးသီးမှ လုပ်ငန်းများအတွက် ပိုမို ကောင်း မွန်သော စီးပွားရေးလည်ပတ်မှု ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် ကြိုးပမ်း ဆောင်ရွက် မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

CEO Elon Reeve Musk က တရုတ်ပြည်သူများသည် လုံ့လ ဝီရိယ ရှိပြီး ဉာဏ်ရည် ထက်မြက်သဖြင့် တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ ရရှိနိုင်ခြင်းမှာ သေချာကြောင်း၊ အမေရိကန်-တရုတ်အကျိုးစီးပွား ရောနှောပြီး တွဲဖက်အ မြွှာကဲ့သို့ ခွဲ၍ မရကြောင်း၊ Tesla ကုမ္ပဏီသည် ဆိတ်ချက်(ချိတ်ဆက်) မှု ပြတ်တောက်ရန် ပြုလုပ်ခြင်းကို ဆန့်ကျင်ကာ  တရုတ်နိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများ ကို မျှဝေခံစားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။