အအေးခန်းပြောင်းလဲမှုသည် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်လာသည်ဟု ကမ္ဘာ့ မိုးလေဝသ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆို

(GMT+08:00)2023-05-31 16:36:54  

ဂျီနီဗာ ဆိုင်ရာ ကုလသမဂ္ဂရုံးတွင် မေလ ၃၀ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး ကမ္ဘာ့မိုးလေဝသအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ Claire Narisက ကျင်းပနေသော ကမ္ဘာ့မိုးလေဝသ ညီလာခံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်စေသော အအေးခန်း (cryosphere) ပြောင်းလဲမှုပြဿနာကို ဦးစားပေး စာရင်းတွင် ထည့်သွင်းပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Claire Narisက လက်ရှိအချိန်တွင် ရေခဲမြစ်မှ အရည်ပျော်မှု နှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းအခြေအနေကို ရပ်တန့်ရန် နှင့် ပြောင်းလဲ ရန် ခက်ခဲကြောင်း၊ တစ်ဖက်တွင် “ပဲရစ်သဘောတူညီချက်”ကို အကောင်အထည်ဖော်ဆောင်ခြင်းသည် အရေး ကြီးကြောင်း၊ နောက်တစ်ဖက်တွင် ဂေဟစနစ်ကို ကြီးကြပ်စစ်ဆေးရေး၊ စောင့်ကြပ် ကြည့်ရှုရေး နှင့် ကြိုတင်ခန့်မှန်းရေး စွမ်းရည်များကို အဆက်မပြတ် တိုးမြှင့်ရန် လိုကြောင်း ပြောကြားခဲ့ပါသည်။