Wandingမြို့တွင် သရက်သီးအရောင်းသွက်နေ

(GMT+08:00)2023-05-31 15:54:01  

ယူနန်ပြည်နယ် Wandingမြို့ရှိသစ်သီးဈေးတစ်ခုတွင် မြန်မာနိုင်ငံမန္တလေးမြို့မှ လာသော

သရက်သီးများအရောင်းသွက်နေပါသည်။ယင်းဈေးတွင်ရောင်းသူဝယ်သူများဖြင့် စည်ကားနေပြီးတရုတ် အနယ်နယ်အရပ်ရပ်မှ သစ်သီးကုန်သည်များသည် ရောင်းဝယ်မှုပြုလုပ်ကြကာမြန်မာမှလာသောသရက်သီးများသည် အလွန် အရောင်းသွက်နေပါသည်။လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ တင်သွင်းခွင့်ရသောသစ်သီးဝလံများတွင်သရက်သီး၊ ကြက်မောက်သီး၊ လိုင်ချီးသီး၊ ဖရဲသီး၊ ငှက်ပျောသီး အပါအဝင်သစ်သီးဝလံ၉မျိုးရှိပြီးနှစ်စဉ် (ကပ်ရောဂါကာလအတွင်းမှလွဲ၍)တန်ချိန်၇သိန်းကျော်ကိုWandingနယ်စပ်ဂိတ်မှတရုတ်ပြည်သို့ တင်သွင်းလာကြောင်းWandingနယ်စပ်ဂိတ်မှဝန်ထမ်းကပြောကြားသည်။Wandingနယ်စပ်ဂိတ်သည်မြန်မာမှ တရုတ်သို့သစ်သီးဝလံတင်သွင်းမှုပမာဏအများဆုံးသောကုန်းပိုင်းနယ်စပ်ဂိတ်ဖြစ်ပြီးမြန်မာသစ်သီးများထွက် ချိန်ရောက်တိုင်းWandingမြို့ရှိသစ်သီးရောင်းဝယ်ရေးဈေးကွက်များတွင် အလွန်စည်ကားလှသည်။