ပထမဆုံးအကြိမ် Visaကိုကျော်သွားသည့်China UnionPay

(GMT+08:00)2023-05-30 13:30:45  

Nielsen မှနောက်ဆုံးထုတ်ပြန်သည့်အစီရင်ခံစာအရ၂၀၂၂ ခုနှစ်အတွင်း UnionPay ဒက်ဘစ်ကတ်များဖြင့် ရောင်းဝယ်မှုပမာဏသည် Visa ကိုပထမဆုံးအကြိမ်အဖြစ် ကျော်သွားခဲ့သည်။ UnionPayဖြင့် ရောင်းဝယ်မှုပမာဏသည်ဂလိုဘယ် ပမာဏ၏ ၄၀.၀၃ ရာခိုင်နှုန်းရှိပြီး Visa က၃၈.၇၈ ရာခိုင်နှုန်းရှိကြောင်း၊ တစ်ချိန်တည်းမှာပင် ၂၀၁၁ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ Visa ၏ဒက်ဘစ်ကတ်ဖြင့် ရောင်းဝယ်မှုပမာဏသည်ဂလိုဘယ် ပမာဏ၏ ၈၀ရာခိုင်နှုန်းနီးပါးမှ ၃၉.၅၃ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး တရုတ်နိုင်ငံ၏UnionPayဖြင့် ရောင်းဝယ်မှုပမာဏသည် သုညရာခိုင်နှုန်းနီးပါးမှ ၃၈.၆၈ရာခိုင်နှုန်းအထိတိုးလာခဲ့သည်။