ယင်းကောဟိုင် နေရောင်ခြည် လျှပ်စစ်ဓာတ်အားပေး ပရောဂျက်သည် ဟိုင်နန်မှာ အကြီးဆုံး နေရောင်ခြည် လျှပ်စစ်ဓာတ်အားပေးစခန်းဖြစ်သွားမည်

(GMT+08:00)2023-05-30 14:06:43  

မကြာခင်က သတင်းထောက်တစ်ဦး ရိုက်ကူးထားသော လယ်တွန် လီ လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပင်လယ်ဆားကွင်းရှိ ယင်းကောဟိုင် နေရောင်ခြည် လျှပ်စစ်ဓာတ်အားပေး ပရောဂျက်ဖြစ်ပါသည်။

ယင်းပရောဂျက်၏ ဒုတိယတစ်ခုဖြစ်သည့် 100 MWရှိသောနေရောင်ခြည် လျှပ်စစ်ဓာတ်အားပေး ပရောဂျက်သည် မကြာခင်က အပြည့်အဝဓာတ်အားပေးနေပြီး တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် kWhသန်း၁၆၀ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ယင်းကောဟိုင် နေရောင်ခြည် လျှပ်စစ်ဓာတ်အားပေး ပရောဂျက်၏ တတိယနှင့် စတုတ္တခုမြောက် 100MWရှိသောနေရောင်ခြည် လျှပ်စစ်ဓာတ်အားပေးပရောဂျက်တွေလည်း စတင်တည်ဆောက်တော့မည်ဖြစ်ကြောင်း၊ ယင်းပရောဂျက်နှစ်ခု တည်ဆောက်ပြီးလျှင် ဟိုင်နန်၌ အကြီးဆုံးနေရောင်ခြည် လျှပ်စစ်ဓာတ်အားပေးစခန်း ဖြစ်လာပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အားယူနစ်သန်း ၇၀၀ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။