အမေရိကန်အိုင်အိုဝါပြည်နယ်ရှိကွန်ဒိုတိုက်တစ်လုံး ၏ အစိတ်အပိုင်းများပြိုကျမှုဖြစ်ပွား

(GMT+08:00)2023-05-30 13:22:13  

မေလ ၂၈ရက်နေ့ ညနေပိုင်းက အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် Davenportမြို့ရှိ ကွန်ဒိုတိုက် တစ်လုံး၏ အစိတ်အပိုင်းများ ပြိုကျခဲ့ပါသည်။ ကယ်ဆယ်ရေးသမားများသည် ယင်းကွန်ဒိုတိုက်ထဲမှ လူ(၈)ဦးကို ကယ်တင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပျောက်ဆုံးသူဦးရေကိုမသိရှိရသေးဘဲသေဆုံးသူမတွေ့ရှိသေးကြောင်းDavenportမြို့ မီးသတ်ဌာနမှ ၂၉ရက်နေ့က ထုတ်ပြန်သောနောက်ဆုံးသတင်းအရသိရပါသည်။