ဗိုလ်ကျစိုးမိုးခြင်းသို့မဟုတ် ကိုယ်ကျိုးစီးပွားထိန်းသိမ်းကာကွယ်ရန်အတွက် အခြားနိုင်ငံများ၏ အကျိုးစီးပွားကိုမထိခိုက်သင့်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-05-30 14:09:22  

မေလ ၂၉ ရက်နေ့ကကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နှင့် ဂျပန်၏ semiconductor ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီးသတင်းထောက်၏ မေးမြန်းချက်ကိုဖြေကြားရာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမော်နင်ကနိုင်ငံချင်းပူးပေါင်းဆောင်ရွက်မှုသည် အခြားတတိယဘက်အားရည်ရွယ်ခြင်းကိုမပြုလုပ်သင့်ကြောင်း၊အသိုင်းအဝိုင်းငယ် ပြုလုပ်ခြင်း၊ အထင်သေးခြင်းသဘောပါသည့်၊ အခြားဘက်များအားဝိုင်းပယ်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုးကိုလည်းဆန့်ကျင်ပါကြောင်း၊ ဗိုလ်ကျစိုးမိုးခြင်းသို့မဟုတ် ကိုယ်ကျိုးစီးပွားထိန်းသိမ်းကာကွယ်ရန်အတွက် အခြားနိုင်ငံများ၏ အကျိုးစီးပွားကိုမထိခိုက်သင့်ဟုမိမိတို့ ထင်မှတ်ပါကြောင်း၊ တရုတ်နိုင်ငံသည် သက်ဆိုင်ရာကိစ္စရပ်များကိုအာရုံစိုက်ပြီးတရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုပြတ်ပြတ်သားသားထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။