ကန်တွင် “bloody weekend”ပြန်လည်တွေ့ရှိပြီး ၁၀ဦးကျော်သေဆုံး

(GMT+08:00)2023-05-30 13:29:15  

ပြီးခဲ့သောစနေနှင့်တနင်္ဂနွေနေ့က အမေရိကန်Illinoisနှင့် New Mexicoပြည်နယ် နေရာများစွာတွင်သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးလူ ၁၀ဦးကျော်သေဆုံးကာလူသုံးလေးငါးဆယ် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မေလ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိIllinoisပြည်နယ် Chicagoမြို့တွင် သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးလူ ၄၁ ဦးထက်မနည်းသေနတ်ပစ်ခတ်ခံခဲ့ရပြီး ၉ ဦးသေဆုံးခဲ့သည်။

၂၇ ရက်နေ့ကNew Mexico ပြည်နယ်Red Riverတွင် ကျင်းပသောမော်တော်ဆိုင်ကယ်မောင်းသူများပါတီတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၃ ဦ ထက်မနည်းသေဆုံးကာ၅ ဦးဒဏ်ရာ ရရှိခဲ့သည်။

၂၈ရက်နေ့ကTexasပြည်နယ်ရှိ ကလပ်တစ်ခု၏ကားရပ်နားရာနေရာတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ယောက်က လူအုပ်အားပစ်ခတ်ခဲ့ရာ လူ၃ဦးဒဏ်ရာရရှိသွားခဲ့ပြီး ယင်းအမျိုးသားအား ကလပ်၏လုံခြုံရေးအစောင့်များက ပစ်သတ်ခဲ့သည်။

အဲဒီနေ့မှာဘဲ Georgiaပြည်နယ် Atlantaမြို့ရှိအထက်တန်းကျောင်းတွင်ဘွဲ့နှင်းသဘင်ပါတီကျင်းပပြီးအချိန်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်းသိရှိရသည်။