အမှုကိုကိုင်တွယ်ရာမှာChatGPTကိုအသုံးပြုခဲ့သည့်အမေရိကန်ဝါရင့်ရှေ့နေလှည့်စားခံရ

(GMT+08:00)2023-05-30 13:25:46  

အမေရိကန်ရှိရှေ့နေတစ်ဦးသည်အချက်အလက်စုဆောင်းရန်ချက်တင်စက်ရုပ်ChatGPTကိုအသုံးပြုပြီးအမှုတွဲအဖြစ်တရားသူကြီးထံတင်ပြသော်လည်းအချက်အလက်အားလုံးမှာမှားယွင်းနေကြောင်းတရားသူကြီးကတွေ့ရှိခဲ့သည်။ရှေ့နေကသူသည်အချက်အလက်ကိုအတည်မပြုခဲ့ဟုဝန်ခံခဲ့ပြီး၎င်းအတွက်တောင်းပန်ကာယခုအခါ ပြစ်ဒဏ်နှင့်ရင်ဆိုင်နေရသည်။
CNN မှ၂၈ရက်နေ့ထုတ်သတင်းအရခရီးသည်မာတာသည် Columbia လေကြောင်းကုမ္ပဏီကိုတရားစွဲခဲ့ပြီးရှေ့နေမှာအတွေ့အကြုံနှစ်၃၀ကျော်ရှိသောနယူးယောက်မြို့ကရှေ့နေစတီးဗင် စဝါးဇ် ဖြစ်သည်။မာတာ၏အယူခံမှုကိုထောက်ခံသည့်အနေဖြင့်စဝါးဇ်သည်နီးစပ်သောအမှုများနှင့်၎င်းတို့၏စီရင်ချက်ကိုတရားသူကြီးထံသို့တင်သွင်းခဲ့သည်။Columbia လေကြောင်းကုမ္ပဏီမှရှေ့နေများသည်စဝါးဇ် တင်ပြထားသည့်အချက်အလက်များကိုမယုံသင်္ကာဖြစ်သည်ဟုတရားသူကြီးထံစာတစ်စောင်ပေးပို့ခဲ့သည်။စဝါးဇ်ကလည်းအဆိုပါအမှု၆ခုကိုChatGPTမှပံ့ပိုးပေးထားကြောင်းဝန်ခံခဲ့သည်။တရားရုံးစာရွက်စာတမ်းများအရအဆိုပါအချက်အလက်၏မှန်ကန်မှုကိုChatGPTအားမေးမြန်းခဲ့ရာ၎င်းသည် “မှန်သည်”ဟုဆိုကာသတင်းအချက်အလက်အရင်းအမြစ်ကိုတောင်ပေးခဲ့သည်။စဝါးဇ်ကမိမိသည်အမှုကိစ္စအတွက်ကူညီရန်ChatGPTကိုပထမဆုံးအကြိမ်အသုံးပြုခဲ့ပြီး "အကြောင်းအရာအတုအပ ဖြစ်နိုင်ခြေကိုမသိခဲ့ပါ။" ဟု ဆိုသည်။ သူသည်နောင်တွင်ChatGPTမှပေးသောအချက်အလက်များကို "အတည်ပြုခြင်းမရှိဘဲ" အသုံးမပြုတော့ဟုကတိပြုခဲ့သည်။