ရှီကျင့်ဖိန်သည် တူရကီသမ္မတအဖြစ်ထပ်မံအရွေးခံရသည့် Erdoganအား ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00)2023-05-30 13:31:36  

မေလ ၂၉ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တူရကီသမ္မတအဖြစ်ထပ်မံအရွေးခံရသည့်  Erdoganအား ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် တူရကီ နှစ်နိုင်ငံစလုံးသည် ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှင့် ထွန်းသစ်စဈေးကွက် နိုင်ငံများဖြစ်ပြီး၊ ကျယ်ပြန့်သောဘုံအကျိုးစီးပွားရှိကြောင်း၊ ပြီးခဲ့သည့်နှစ်များက တရုတ်-တူရကီ မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးဆက်ဆံမှုသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးပြီး၊ နယ်ပယ်များ၌ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများလည်းတိုးတက်လာကြောင်းဖော်ပြပါသည်။