ဂျပန်စစ်သင်္ဘောများသည် "Rising Sun Flag" ကိုချိတ်ဆွဲထားပြီး တောင်ကိုရီးယား ဘူဆန်ဆိပ်ကမ်းသို့ ဝင်ရောက်

(GMT+08:00)2023-05-29 12:42:38  

ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ တောင်ကိုရီးယား ဂျဂျူးကျွန်း အနီးပင်လယ်ပြင်တွင် လေ့ကျင့်မှု၌ ပါဝင်ရန် ယခုလတွင် ဂျပန်နိုင်ငံ ပင်လယ်ပြင် ကာကွယ်ရေးတပ် စစ်သင်္ဘောများသည် "Rising Sun Flag" ကိုချိတ်ဆွဲပြီး တောင်ကိုရီးယား ဘူဆန် ဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့သည်။ ဂျပန်နှင့်ဆက်ဆံမှု တိုးမြှင့်ရန် ဆောင်ရွက်နေသည့် Yoon Suk Yeol အစိုးရသည် ကာကွယ်ရေးတပ် စစ်သင်္ဘောများပေါ်တွင် "Rising Sun Flag"ချိတ်ဆွဲရန် သဘောတူခဲ့ကြောင်းကျိုဒိုသတင်းတွင်ဖော်ပြခဲ့သည်ဟုသတင်းအရသိရပါသည်။