အမေရိကန်က ယူကရိန်းကို F-16 တိုက်လေယာဉ်များ ထောက်ပံ့ပေးခြင်းသည် အခြားရည်ရွယ်ချက်ရှိသည်ဟု လုံခြုံရေးပညာရှင် ဆို

(GMT+08:00)2023-05-29 11:33:06  

အမေရိကန်က မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး ယူကရိန်းကို F-16 တိုက်လေယာဉ်များ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး နိုင်ငံတကာရေးရာနဲ့ လုံခြုံရေး ပညာရှင် မားခ်စလယ်ဘိုဒါက မကြာသေးမီက အစီအစဉ်တစ်ခု၌ ဝေဖန်သုံးသပ်ရာတွင် အမေရိကန်မှာ တိုက်လေယာဉ်အများကြီးရှိပြီး တော်တော်များများက F-16 ထက်ပိုအဆင့်မြင့်ကာ F-16 သည် အမျိုးအစားအသစ် မဟုတ်တော့ဘဲ ၁၉၈၀ခုနှစ်များကမော်ဒယ်ဖြစ်၍ စစ်မြေပြင်ကိုသွားလျှင် အပိုင်းပိုင်းကွဲသွားနိုင်ကြောင်း၊ အမေရိကန်၏ ယင်းလုပ်ရပ်သည် စစ်ရေးပံ့ပိုးမှုထက်စာလျှင် နိုင်ငံရေးစဉ်းစားခြင်းဟုပြောလျှင်ပိုသင့်တော်ကြောင်း၊ အမေရိကန် စစ်ဘက်ဆိုင်ရာလုပ်ငန်းကုမ္ပဏီများကတော့ ယင်းကနေ ကြီးပွားချမ်းသာလိုကြောင်း ပြောကြားခဲ့ ပါသည်။