ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံတွင်ထိုင်ဝမ်နှင့်ပတ်သက်သောအဆိုပြုချက်ကိုထပ်မံပယ်ချ

(GMT+08:00)2023-05-29 13:24:06  

မေလ၂၂ရက်နေ့က၇၆ကြိမ်မြောက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံတွင်ဆုံးဖြတ်ချက်တစ်ရပ်ကိုအတည်ပြုခဲ့ရာအချို့နိုင်ငံမှတင်ပြသောထိုင်ဝမ်ဒေသကိုအကဲခတ်အဖွဲ့ဝင်အဖြစ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံ၌ပါဝင်ရန်အဆိုပြုချက်ကိုညီလာခံအစီအစဉ်တွင်ထည့်သွင်းဖို့ပယ်ချလိုက်ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်မှမေလ၉ရက်နေ့ကထုတ်ပြန်သောကြေညာချက်တွင်အမေရိကန်နိုင်ငံသည်ကမ္ဘာ့ကျန်းမာရေးအဖွဲ့အားထိုင်ဝမ်ဒေသကိုအကဲခတ်အဖွဲ့ဝင်အဖြစ်ယခုနှစ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံတွင်ပါဝင်ရန် ဖိတ်ကြားဖို့ ပြင်းပြင်းထန်ထန်တိုက်တွန်းကြောင်းဖော်ပြထားပါသည်။ အမေရိကန်နိုင်ငံကထိုင်ဝမ်ဒေသကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အကဲခတ်အဖွဲ့ဝင်ဖြစ်လာစေရန်နှင့် ကုလသမဂ္ဂစနစ်တွင်ပါဝင်စေရန် ဆက်လက်တွန်းအားပေးမည်ဖြစ်ကြောင်း၊၄င်းမှာအမေရိကန်နိုင်ငံ၏တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒနှင့်ကိုက်ညီကြောင်းပြောကြားခဲ့ပါသည်။
  ယင်းနှင့်ပတ်သက်၍တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်ကတရုတ်နိုင်ငံအနေဖြင့်အမေရိကန်နိုင်ငံမှထုတ်ပြန်ခဲ့သည့်သက်ဆိုင်ရာကြေညာချက်ကိုပြတ်ပြတ်သားသားကန့်ကွက်ကြောင်း၊ကမ္ဘာပေါ်တွင်တရုတ်ပြည်တစ်ပြည်တည်းသာရှိပြီးထိုင်ဝမ်ဒေသသည်တရုတ်ပိုင်နက်နယ်မြေတွင်ခွဲမရသောအစိတ်အပိုင်းဖြစ်ကြောင်း၊ထိုင်ဝမ်ဒေသသည်ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများ၏လှုပ်ရှားမှုများတွင်ပါဝင်ချင်လျှင်တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူအရဆောင်ရွက်ရမည် ဖြစ်ကြောင်း၊၄င်းမှာကုလသမဂ္ဂညီလာခံဆုံးဖြတ်ချက်အမှတ် ၂၇၅၈ နှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဆုံးဖြတ်ချက်အမှတ်၂၅.၁တွင်သတ်မှတ် ထားသောအရေးကြီးသည့်မူလည်းဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပုံမှန် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါသည်။