ကန်ဒေသများစွာတွင်စတိုးဆိုင် လုယက်မှုနှင့်ခိုးယူမှုများဖြစ်ပွား

(GMT+08:00)2023-05-29 13:24:57  

မကြာသေးမီကအမေရိကန်နိုင်ငံဒေသများတွင်စတိုးဆိုင် လုယက်မှုနှင့်ခိုးယူမှုများဖြစ်ပွားခဲ့ပါသည်။စတိုးဆိုင်များတွင်ပြစ်မှုကျူးလွန်မှုများမြင့်တက်လာခြင်းကြောင့်အမေရိကန်နိုင်ငံ၏လက်လီရောင်းချမှုကိုထိခိုက်စေခဲ့ကြောင်းအမေရိကန်မီဒီယာများကရေးသားဖော်ပြခဲ့ကြပါသည်။
အမေရိကန်နိုင်ငံ San Francisco၊ Los Angeles၊ New York၊ Chicago နှင့် Portland စသည့်မြို့ကြီးများတွင်စတိုးဆိုင်များကိုရည်ညွှန်းသည့်ပြစ်မှုကျူးလွန်မှုများမြင့်တက်လာခဲ့ကြောင်း၊နယူးယောက်မြို့အစိုးရမှမကြာသေးမီကထုတ်ပြန်သောစာရင်းအရ၂၀၂၂ခုနှစ်တွင်နယူးယောက်မြို့၌ဖြစ်ပွားခဲ့သည့်အမှုအခင်းသည်၂၀၂၁ခုနှစ်အလားတူအချိန်ပိုင်းကထက်၄၄ရာခိုင်နှုန်းတိုးများလာခဲ့ကြောင်းအမေရိကန်မီဒီယာများကရေးသားဖော်ပြခဲ့ကြပါသည်။
အမှုအခင်းများဖြစ်ပွားခြင်း၏နောက်ကွယ်မှာအမေရိကန်နိုင်ငံတွင်ဆက်တိုက်ဖြစ်ပွားနေသည့်ငွေကြေးဖောင်းပွမှု၊ကုန်ဈေးနှုန်းတစ်ရှိန်ထိုးတိုးလာခြင်းကြောင့်အမေရိကန်မိသားစုများစွာတွင်ငွေရေးကြေးရေးပြဿနာနှင့်ကြုံတွေ့ရခြင်းဖြစ်ကြောင်း၊နောက်တစ်ဖက်ကအမေရိကန်နိုင်ငံသည်လူမှုရေးအခက်အခဲများနှင့်ကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊စတိုးဆိုင်လုယက်မှုနှင့်ခိုးယူမှုများ၊သေနတ်အကြမ်းဖက်မှုများသည်၄င်းအခက်အခဲများကြောင့်ဆောင်ကျဉ်းလာသောဆိုးကျိုးများဖြစ်ကြောင်း CNN ကမကြာသေးမီကရေးသားဖော်ပြခဲ့ပါသည်။