တရုတ်နိုင်ငံနဲ့ ဆက်ဆံမှုဘယ်လိုပြုလုပ်သလဲဆိုတာအမေရိကန်ကဒေါက်တာKissingerရဲ့ ဉာဏ်ရည်ကိုကိုးကားသင့်ပါတယ်

(GMT+08:00)2023-05-29 11:37:08  

အမေရိကန် သမိုင်းမှာအာရုံစူးစိုက်မှုအခံရဆုံးသောနိုင်ငံခြားရေးဝန်ကြီးအဖြစ်အသိမှတ်ပြုခံရတဲ့ ဒေါက်တာ Kissinger ဟာမကြာခင်ကပဲအသက် နှစ် ၁၀၀ပြည့်မွေးနေ့ပါတီကိုပြုလုပ်ခဲ့ပါတယ်။ ယင်းမတိုင်ခင်ကအမေရိကန်ဆိုင်ရာတရုတ်သံအမတ်ကြီးသစ်က Kissinger နဲ့ တွေ့ဆုံပြီးတရုတ်ပြည်ဘက်မှ ဂုဏ်ပြုထောမနာပြုခြင်းကိုဖေါ်ပြခဲ့ပါတယ်။ အဲဒါဟာ “တရုတ်ပြည်သူများရဲ့ မိတ်ဆွေဟောင်း”ဖြစ်သူ Kissinger ရဲ့ တရုတ်နဲ့ အမေရိကန် ဆက်ဆံမှုတိုးမြှင့်ရေးအပေါ် တန်ဖိုးထားချီးကျူးခြင်းနဲ့ လေးစားခြင်းတို့ကိုပြသထားခြင်းပဲဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်က Kissinger ဟာတရုတ်နဲ့ အမေရိကန် ခေါင်းဆောင်များနဲ့ အတူနိုင်ငံ့ စနစ်အခြေအနေမတူတဲ့ တရုတ်နဲ့ အမေရိကန်တို့ သံတမန် ဆက်ဆံရေးပုံမှန် ဖြစ်လာအောင် တွန်းအားပေးဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ်များအတွင်းအမေရိကန်ကတရုတ်နိုင်ငံအားအဓိကကျတဲ့ ပြိုင်ဘက်နဲ့ ရေရှည် ရန်စဖွယ်ရာအဖြစ် ဇွတ်မြင်ထားတာကြောင့် နှစ်နိုင်ငံဆက်ဆံမှုကိုလမ်းမှန်မှ တိမ်းစောင်းသွားစေပြီးကမ္ဘာကြီးကိုမတည်မငြိမ်မှုများဖြစ်စေပါတယ်။

Kissinger ဟာနိုင်ငံ့အကျိုးစီးပွားကိုလက်တွေ့ကျသည့်အမြင်ဖြင့် ဆင်ခြင် သဘောထားတတ်သူတစ်ဦးဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးပုံမှန် ဖြစ်လာအောင် တွန်းအားပေးခြင်းဟာအမေရိကန်ရဲ့ နိုင်ငံ့ အကျိုးစီးပွားအပေါ် မူတည်ခြင်းဖြစ်ပါတယ်။ ဒါနဲ့အမေရိကန် အကျိုးစီးပွားကိုပြတ်ပြတ်သားသားထိန်းသိမ်းကာကွယ်သူဖြစ်တဲ့ Kissinger ဟာဘာဖြစ်လို့ “တရုတ်ပြည်သူများရဲ့ မိတ်ဆွေဟောင်း”လည်းဖြစ်နိုင်ရတာလဲ။ အဲဒါဟာ Kissinger တစ်လျှောက်လုံးစွဲကိုင်တဲ့ နာမည်ကြီးတဲ့ သံတမန်ရေး “လက်တွေ့ကျဝါဒ”နဲ့ ခွဲမရဘူး။ Kissinger ရဲ့ “လက်တွေ့ကျဝါဒ”ဆိုတာဟာနိုင်ငံ့ အကျိုးစီးပွားကိုအတွေးအခေါ်ဆိုင်ရာအကြောင်းတွေရဲ့ အထက်မှာထားပြီးနိုင်ငံတကာဆက်ဆံမှုအခြေအနေကိုမှန်ကန်စွာအကဲဖြတ်ကာနိုင်ငံခြားမဟာဗျူဟာများကိုလက်တွေ့ကျကျဆင်ခြင်သုံးသပ်ချမှတ်ခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် Kissinger က တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံပူးပေါင်းဆောင်ရွက်ပြီးအပြန်အလှန် အကျိုးရှိစေနိုင်တဲ့ နိုင်ငံချင်းဆက်ဆံမှုကိုတည်ထောင်ဖို့ တွန်းအားပေးခြင်းဖြစ်ကာဒီလိုလုပ်ရင် အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတယ်လို့ ယူဆပါတယ်။

အမေရိကန် နိုင်ငံရေးသမားတို့ အနေနဲ့ အမေရိကန်ရဲ့ နိုင်ငံ့ အကျိုးစီးပွားကိုမှန်ကန်စွာနားလည်သိရှိပြီးနိုင်ငံ့အကျိုးစီးပွားကိုထိန်းသိမ်းလိုပါကတရုတ်နိုင်ငံကိုရန်သူအဖြစ်ထားပြီးတရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုဟန့်တားရမယ် ဆိုတဲ့ မှားယွင်းတဲ့ အမြင်ကိုပြုပြင်သင့်ပြီ။ အဲဒီနယ်ပယ်မှာဒေါက်တာ Kissinger ကမှန်ကန်စွာလုပ်ဆောင်နိုင်ခဲ့ပြီးသူ့ရဲ့မှန်ကန်သည့် လုပ်ရပ်တွေကိုနမူနာယူသင့်ကြောင်း China Media Groupမှ သတင်းဆောင်းပါးတစ်ပုဒ်မှာရေးသားဖေါ်ပြ ထားပါတယ်။