“ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ဝိသေသ ထူးခြားချက်ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လေ့လာသင်ယူရေး အမေးအဖြေများ(အင်္ဂလိပ်ဘာသာ)” စာအုပ် ထုတ်ဝေဖြန့်ချိပွဲ ကွာလာလမ်ပူ၌ ကျင်းပ

(GMT+08:00)2023-05-28 10:56:32  

“ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ဝိသေသ ထူးခြားချက်ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လေ့လာသင်ယူရေး အမေးအဖြေများ(အင်္ဂလိပ်ဘာသာ)” စာအုပ် ထုတ်ဝေဖြန့်ချိပွဲကို မေလ ၂၇ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နိုင်ငံတကာ စာအုပ်ပြပွဲ၏ အဓိကဧည့်နိုင်ငံ သီးသန့်လှုပ်ရှားမှုဇုန်၌ ကျင်းပခဲ့ပါသည်။ ယင်းစာအုပ်တွင် အမေးအဖြေပုံစံဖြင့် ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ဝိသေသ ထူးခြားချက်ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်၏ အခြေခံ ရည်မှန်းချက်အကြောင်းအရာ၊ အဓိက အကြောင်းအရာ၊ အခြေခံ စံချိန်စံနှုန်း စသဖြင့် ဘက်စုံ လေးနက်စွာ ဖေါ်ပြထားပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မလေးရှား နိုင်ငံရေး၊ သုတေသန၊ မီဒီယာနှင့် စာအုပ် ဖြန့်ချိထုတ်ဝေရေး လောကနှင့် တတ်သိပညာရှင်အဖွဲ့များမှ ကိုယ်စားလှယ်များသည် စာအုပ် ထုတ်ဝေဖြန့်ချိပွဲသို့ တက်ရောက်ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။