Vucevic သည် ဆာဘီးယားအာဏာရ Progressive ပါတီ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရ

(GMT+08:00)2023-05-28 10:54:48  

မေလ ၂၇ရက်နေ့တွင် ဆာဘီးယားနိုင်ငံ အာဏာရပါတီဖြစ်သည့် Progressive ပါတီသည် Kragujevac မြို့တွင် အစည်းအဝေးကို ကျင်းပပြီး လက်ရှိ နိုင်ငံရေးအခြေအနေ၊ ပါတီ၏ အနာဂတ်နိုင်ငံရေးလမ်းကြောင်းကို အဓိက ဆွေနွေးသည့်တစ်ချိန်တည်းတွင် ပါတီ ခေါင်းဆောင်များကို လည်း ရွေးကောက်တင်မြှောက် ခဲ့ပါသည်။

ဆာဘီးယားသမ္မတနှင့် Progressive ပါတီ ဥက္ကဋ္ဌ Vucic က ယင်းအစည်းအဝေးတွင် ပါတီဒုဥက္ကဋ္ဌနှင့် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး Vucevic အား ၎င်း၏ပါတီဥက္ကဋ္ဌနေရာတွင် အစားထိုးရန် အကြံပြုခဲ့ပါသည်။ နောက်ဆုံးတွင် Vucevic သည် ဆာဘီးယား အာဏာရ ပါတီ Progressive ပါတီ၏ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါသည်။