အီရန်နှင့် ဘယ်လ်ဂျီယံ ချုပ်နှောင်ခံထားရသူနှစ်ဦးကို အလဲအလှယ် ပြုလုပ်

(GMT+08:00)2023-05-28 15:49:28  

 ၂၀၂၃ခုနှစ် မေလ ၂၆ရက်နေ့တွင် အိုမန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နှင့် ဘယ်လ်ဂျီယံ နှစ်နိုင်ငံ တို့သည် အိုမန် နိုင်ငံမြို့တော် Muscat တွင် ချုပ်နှောင်ခံထားရသူနှစ်ဦးကို အလဲအလှယ် ပြုလုပ် ခဲ့ကြောင်း ကြေညာခဲ့ပါသည်။ ယင်းသတင်းကို ဘယ်လ်ဂျီယံနှင့် အီရန်တို့ကလည်း အတည်ပြုခဲ့ကြပါသည်။