C919 ခရီးသည်တင် လေယာဉ်ကြီး ပထမဆုံး စီးပွားဖြစ် ခရီးသည်တင် ပျံသန်းမှု စတင်

(GMT+08:00)2023-05-28 10:57:24  

   မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက China Eastern Airlines ပိုင် ပြည်တွင်း ကိုယ်ပိုင် ထုတ်လုပ်သည့် C919 ခရီးသည်တင် လေယာဉ်ကြီးသည် ရှန်ဟိုင်း ဟုန်ချောင် လေဆိပ်မှ ဘေကျင်း မြို့တော်လေဆိပ်သို့  ပျံသန်းခဲ့ပါသည်။  ခရီးသည်များသည် ပြည်တွင်း ကိုယ်ပိုင် ထုတ်လုပ်သည့် ခရီးသည်တင် လေယာဉ်ကြီးကို စီးနိုင်ကြတော့ မည် ဖြစ်ပါသည်။ China Eastern Airlines ၏ အစီအစဉ်အရ မေလ ၂၉ ရက်နေ့မှ စ၍ ယင်း C919 ခရီးသည်တင် လေယာဉ်ကြီးသည် ရှန်ဟိုင်း ဟုန်ချောင်နှင့် ချင်တူး ထျန်းဖူ လေကြောင်းလိုင်းတွင် ပုံမှန် စီးပွားဖြစ် ပျံသန်းသွားမည်ဟု China Media Groupမှ သတင်း အရ သိရ ပါသည်။