တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှန်ယန်မြို့တွင် Baja ပြိုင်ပွဲ ကျင်းပ

(GMT+08:00)2023-05-28 15:44:46  

 မေလ ၂၇ ရက်နေ့က ဟူပေပြည်နယ် ရှန်ယန်မြို့တွင် Baja ပြိုင်ကားများသည် ရွှံ့မြေပြင်တွင် ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုနေ့တွင်ပင် 7th Baja SAE China ပြိုင်ပွဲ (ရှန်ယန်ပြိုင်ပွဲ) ကို ကျင်းပခဲ့သည်။ မိုးရွာပြီးနောက် ကွင်းပြင်မြေသည် ရွှံ့ဗွက်များ ဖြစ်သွားပြီး တက္ကသိုလ်ကောလိပ်ကျောင်းသားကျောင်းသူများ  ကိုယ်တိုင် ပြုလုပ်သော Baja ပြိုင်ကားများသည် ရွှံ့ဗွက်လမ်းထဲတွင် ယှဉ်ပြိုင်မောင်းနှင်းလာကြပြီး ကား ဘီးများမှ ရွှံ့များသည် ကောင်းကင် တစ်ခုလုံးကို ရွှံ့များ ပက်ကျဲ လိုက်သလို ဖြစ် သွား ပြီး ပြိုင်ကား များအားလုံးသည် ရွှံ့ကန်ထဲ  ခုန်ဆင်းလိုက်သကဲ့သို့ ရွှံ့များဖြင့် ဖုံးလွှမ်းသွားသည်။

7th Baja SAE China ပြိုင်ပွဲကို မေလ၂၅ ရက်နေ့ တွင် ရှန်ယန် Dream Circuit ၌ စတင်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အသင်းပေါင်း ၈၁ သင်းမှ လူ ၂၀၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။