ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ရုရှားသမ္မတပူတင်၏ ဖိတ်ကြားချက်ကို ဘရာဇီးသမ္မတ ငြင်းပယ်

(GMT+08:00)2023-05-28 10:55:46  

ဘရာဇီးသမ္မတ လူလာ သည် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ရန် သမ္မတ ပူတင်၏ ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့ကြောင်း၊ ၎င်းက ယင်းဖိတ်ကြားချက်အပေါ် ကျေးဇူးတင်ရှိပြီး လက်ရှိအချိန်တွင် ရုရှားနိုင်ငံသို့ မသွားနိုင်သော်လည်း ငြိမ်းချမ်းရေးကို ရှာကြံရန် ဆက်လက်ပန်ကြားမည်ဖြစ်ကြောင်း မေလ ၂၆ ရက်နေ့က ၎င်း၏တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်ဟု ဗြိတိန် Sky News နှင့် Reuters သတင်းဌာနမှ သတင်းရရှိပါသည်။