‘အန္တရာယ် ဖျက်ခြင်း’ အကြောင်းကို ပြောရင် တရုတ်နိုင်ငံနဲ့ ‘အဆက်အသွယ် ဖြတ်တောက်ခြင်း’ မှသာ အန္တရာယ် ပါပဲ

(GMT+08:00)2023-05-27 13:00:01  

 

မကြာခင်က တရုတ်နိုင်ငံရှိ နိုင်ငံခြား လုပ်ငန်းရှင်များ အဖွဲ့တို့က အစီရင်ခံစာကို အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံရှိ အမေရိကန် လုပ်ငန်းရှင်များအဖွဲ့ရဲ့ အစီရင်ခံစာမှာ တရုတ်နိုင်ငံရှိ အမေရိကန် လုပ်ငန်းကုမ္ပဏီ ၆၆ ရာခိုင်နှုန်းက လာမယ့် နှစ်နှစ်အတွင်း တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကို ထိန်းသိမ်းထား သို့မဟုတ် တိုးမြှင့်သွားမယ်လို့ ဖေါ်ပြထားတယ်။ တရုတ်နိုင်ငံရှိ ဥရောပသမဂ္ဂ လုပ်ငန်းရှင်များ အဖွဲ့မှ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လုပ်ငန်းကုမ္ပဏီ ၆၀ ရာခိုင်နှုန်းလောက် လာမယ့် ငါးနှစ် အတွင်း တရုတ်နိုင်ငံမှာ လေ့လာဖော်ထုတ်ရေးဆိုင်ရာ ငွေရင်းမြှုပ်နှံမှုကို သင့်လျော်စွာ တိုးသွားမယ် သို့မဟုတ် ထင်ရှားစွာ တိုးသွားမယ်လို့ ဖေါ်ပြထားပါတယ်။ တရုတ်နိုင်ငံရှိ သြစတြေးလျ လုပ်ငန်းရှင်များအဖွဲ့မှ ထုတ်ပြန်တဲ့ အစီရင်ခံစာ ထဲမှာ သြစတြေးလျ လုပ်ငန်းကုမ္ပဏီ ၆၀ ရာခိုင်နှုန်ကျော်က တရုတ်နိုင်ငံကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ ရွေးချယ်ရန် ရှေ့တန်း သုံးနိုင်ငံ စာရင်းမှာ ထည့်ထားတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ယခုအချိန်မှာ ကမ္ဘာ့စီးပွားရေးဟာ တစ်ဖက်သတ်ဝါဒ၊ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ စတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံ တစ်ခုတလေက တစ်ဖက်မှာ အဆက်အသွယ် ဖြတ်တောက်ခြင်း၊ ကုန်ပစ္စည်း ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှု ကွင်းဆက်များ ဖြတ်တောက်ခြင်းတို့ကို သွေးထိုးလှုံ့ဆော်ပြီး တစ်ဖက်မှာ ‘အန္တရာယ် ဖျက်ခြင်း’ ဆိုတာကို ဝါဒဖြန့်ကာ ဒီလိုနဲ့ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တား ဖိနှိပ်ဖို့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် ကြံဆထားပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံနဲ့ ‘အဆက်အသွယ် ဖြတ်တောက်ခြင်း’ မှသာ အန္တရာယ် ပါပဲ ဆိုတာ ဖြစ်ရပ်များက သက်သေ ထူပြထားပါတယ်။ သြစတြီးယား တတ်သိပညာရှင်အဖွဲ့တစ်ခုမှ လေ့လာရေး အစီရင်ခံစာမှာ တကယ်လို့ တရုတ်နိုင်ငံနဲ့ ‘အဆက်အသွယ် ဖြတ်တောက်ခြင်း’ ပြုလုပ်ပါက ဂျာမနီနိုင်ငံရဲ့ တစ်နှစ်တာ GDP ဟာ ၂ ရာခိုင်နှုန်း၊ ယူရိုငွေ ဘီလီယံ ၆၀ လောက် ဆုံးရှုံးသွားမယ်လို့ ဖေါ်ပြခဲ့တယ်။ Nike ကုမ္ပဏီရဲ့ CEO John Donahoe ကလည်း တရုတ်နိုင်ငံနဲ့ ‘အဆက်အသွယ် ဖြတ်တောက်ခြင်း’ဟာ ကမ္ဘာလုံးအတွက် ဘေးအန္တရာယ်များ ကျရောက်စေမယ်လို့ ပွင့်ပွင့်လင်းလင်း ထောက်ပြခဲ့ပါတယ်။