တရုတ်နှင့် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုကို အတူ ရှာကြံ၊ ဖွံ့ဖြိုးတိုးတက်မှုကို အတူ တိုးမြှင့်၊ အနာဂတ်ရေးကို အတူဖန်တီးကြရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန် ဆို

(GMT+08:00)2023-05-27 10:13:12  

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည်  မေလ ၂၆ ရက်နေ့ ညနေပိုင်းက ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံသို့ လာရောက် တရားဝင် ခရီးလှည့်လည်နေသော ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ ရှီစေးကေဒီနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါသည်။ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့က နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုကို ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု အဖြစ် တိုးမြှင့်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့ကြပါသည်။

   ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမြောက် ချိတ်ဆက်မှုကို တိုးမြှင့်ပြီး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင် အပြန်အလှန် အားပေး၊ ပူးပေါင်းဆောင်ရွက်မှုကို အတူ ရှာကြံ၊ ဖွံ့ဖြိုးတိုးတက်မှုကို အတူ မြှင့်တင်၊ အတူတိုးတက်လိုပါကြောင်း၊ တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးသည် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံအတွက် ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းနှင့် ပိုမို ကျယ်ပြန့်သော ဈေးကွက်များကို ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။

   ရှီစေးကေဒီက တရုတ်နိုင်ငံသည် ဒုတိယမြောက် နှစ်တစ်ရာ ကြိုးပမ်းဆောင်ရွက်ရေး အကောင်အထည် ဖေါ်ဆောင်နိုင်ပြီး အင်အား တောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။