ချိုမိုလန်မာတောင်ထိပ်တက်မည့် အိပ်မက်ကို စွန့်လွှတ်ပြီး လူတစ်ဦး၏ အသက်ကို ကယ်တင်ခဲ့သည့် တောင်တက်သမားနှစ်ဦး

(GMT+08:00)2023-05-27 13:24:25  

မကြာသေးမီက တရုတ်တောင်တက်သမားနှစ်ဦးဖြစ်သည့် Fan Jiangtao နှင့် Xie Ruxiang တို့သည် ချိုမိုလန်မာတောင်ထိပ်တက်စဉ် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈၄၅၀ နေရာတွင် အန္တရာယ်ကြုံတွေ့နေသည့် အမျိုးသမီးတောင်တက်သမားတစ်ဦးကို တွေ့ရှိခဲ့ပါသည်။ တောင်ထိပ် ရောက်ရန် မီတာ ၄၀၀ သာအကွာတွင် ၎င်းတို့ နှစ်ဦးသည် တောင်ထိပ်တက်မည့် အိပ်မက်ကို စွန့်လွှတ်လိုက်ကြပြီး သူမကို ကယ်တင်ရန် ရွေးချယ်ခဲ့ကြပါသည်။ ၎င်းတို့က တောင်ထိပ်တက်ရန် အိပ်မက် ပျက်စီးခဲ့သော်လည်း လူကို ကယ်တင်ခြင်းသည် ချိုမိုလန်မာတောင်ထိပ်တက်ခြင်းထက် ပိုမို အရေးကြီးပါသည်ဟု ပြောခဲ့ကြပါသည်။