ပူးတွဲကြပ်မတ်ရေးလုပ်ငန်းတွင် ပါဝင်သောတရုတ်သင်္ဘောသည် မေလ ၂၆ ရက်နေ့ ၁၂ နာရီအချိန်က တရုတ် ကွမ်လေဆိပ်ကမ်းသို့ အောင်မြင်စွာ ဆိုက်ကပ်ခဲ့ပြီး ၁၂၉ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း ပူးတွဲကြပ်မတ်ရေးလုပ်ငန်းများ အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
အဆိုပါ လှုပ်ရှားမှုသည် ၄ ရက် ၃ ည ကြာမြင့်ပြီး စုစုပေါင်း ခရီး ကီလိုမီတာ ၅၀၀ ကျော် ရှည်လျားကာ လေးနိုင်ငံမှ တရားဥပဒေ ကျင့်သုံးရေး ဌာနများသည် ရေယာဉ်၊ သင်္ဘော ၇ စီးနှင့် ဝန်ထမ်း ၁၃၅ ဦးတို့ကို စေလွှတ် ခဲ့သည်။ တရုတ်ပြည်ဘက်သည် လာအိုရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး စုံစမ်းစစ်ဆေးရေးဆောင်ရွက်ရာတွင် စုစုပေါင်းယာဉ်အစီးရေ ၅၀ ခန့်၊လူ ၈၀ ခန့်နှင့် ကုန်စည်တန်ချိန် ၂၀ ခန့်တို့ကို စစ်ဆေးခဲ့ပါသည်။