ကျက်ကျန်း Xiangshan Jiushan ကျွန်းစုများတည်ရှိသည့် ကမ္ဘာပေါ်တွင် အကြီးဆုံးသော “ဒဏ္ဍာရီငှက်” မျိုးပွားရာနေရာ

(GMT+08:00)2023-05-26 12:24:12  

      ၂၀၀၀ပြည့်နှစ်က ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော Chinese Crested Tern (Thalasseus bernsteini)သည် တိမ်ကောလုနီးပါး မျိုးစိတ်တစ်မျိုး ဖြစ်ပြီး “ဒဏ္ဍာရီငှက်”ဟု ခေါ်ကြပါသည်။ တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ် Xiangshan Jiushan ကျွန်းစုများတည်ရှိသော ငှက်ကျွန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး၊ အရေးအကြီးဆုံး သော Chinese Crested Tern မျိုးပွားရာနေရာ ဖြစ်ပါသည်။ ၁၀နှစ်ကျော် ကာကွယ်ထိန်းသိမ်းမှု ပြုလုပ်ပြီးနောက် ငှက်ကျွန်းတွင် Chinese Crested Tern ကောင်ရေ ၉၀ကျော်ကို တွေ့ရှိပြီး ၄င်းနှင့် အဖော်ဖြစ်သော ဒုတိယအဆင့် အဓိက ကာကွယ် ထိန်းသိမ်းထားသော တိရစ္ဆာန် ဖြစ်သည့် Greater crested tern (Sterna bergiii) ကောင်ရေ ၆၀၀၀ကျော်ကိုလည်း တွေ့ရှိပါသည်။