နီပေါတောင်တက်လမ်းညွှန် ဧဝရတ်တောင်ကို ၂၈ ကြိမ်တက်ပြီး စံချိန်သစ်တင်

(GMT+08:00)2023-05-26 12:23:17  

မေလ ၂၃ ရက်နေ့တွင် နီပေါတောင်တက်လမ်းညွန် ကယ်မီရီတာရှယ်ရ်ပါ သည် တောင်စောင်းမှ ဧဝရတ်တောင်ထိပ်သို့ တက်ခဲ့ပြီး ယင်းကမ္ဘာ့အမြင့်ဆုံးတောင်ကို  ၂၈ ကြိမ်မြောက် တက်ပြီးစံချိန်သစ် တင်ခဲ့ပါသည်။ ကယ်မီသည် ၂၃ ရက်နေ့ ၉ နာရီ မိနစ် ၂၀ တွင် ဧဝရတ်တောင်ထိပ်သို့ တက်ရောက်ခဲ့ပြီး ဧဝရတ်တောင်ကို လူတစ်ဦးထဲ အကြိမ်ရေအများဆုံးတက်ရောက်ခဲ့သည့် စံချိန်သစ်ကို တင်ခဲ့ကြောင်း အေပီသတင်းဌာနမှ Seven Summit Treks ကုမ္ပဏီက သတင်းကိုကိုးကားဖော်ပြခဲ့ပါသည်။