အဋ္ဌမအကြိမ်မြောက်တရုတ်နိုင်ငံစက်ရုပ်ဆိုင်ရာအဆင့်မြင့်အစည်းအဝေးသည် ဧည့်သည်များကို ဆွဲဆောင်

(GMT+08:00)2023-05-26 11:10:06  

မေလ ၂၄ ရက်နေ့တွင် အဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံစက်ရုပ်ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးနှင့် စမတ်စီးပွားရေးဆိုင်ရာ လူချွန်လူကောင်းများ အဆင့်မြင့် အစည်းအဝေးကို ကျဲ့ကျန်းပြည်နယ် ယွီယောင်မြို့မှာ ဖွင့်လှစ်ခဲ့ပါသည်။ ကုမ္ပဏီလုပ်ငန်း ၁၀၀ နီးပါးသည် စက်ရုပ်ပစ္စည်းအမျိုးအစား ၅၀၀ ကျော်ပါဝင်ပြီး နောက်ဆုံးပေါ် အပလီကေးရှင်း ထုတ်ကုန်များ၊ နည်းပညာဆိုင်ရာ အောင်မြင်မှုများနှင့် ဖြေရှင်းချက်များကို ယခုအကြိမ်ပြပွဲတွင် ပြသထားကာ လူအများ လာရောက်ကြည့်ရှုရန် ဆွဲဆောင်နိုင်ခဲ့ပါသည်။