တရုတ်ရေတပ် Qi Jiguang သင်္ဘောသည် ဗီယက်နမ်နိုင်ငံ၌ ချစ်ကြည်ရေးခရီးပြီးမြောက်၍ ထိုင်းနိုင်ငံသို့ ထွက်ခွာ

(GMT+08:00)2023-05-26 12:21:43  

မေလ ၂၅ရက်နေ့ နံနက်ပိုင်းက တရုတ်ရေတပ် Qi Jiguangသင်္ဘောသည် ဗီယက်နမ် နိုင်ငံ၌ ချစ်ကြည်ရေးခရီးပြီးမြောက်၍ ထိုင်းနိုင်ငံသို့ ဆက်လက်ခရီးထွက်ခွာသွားပါသည်။

ဗီယက်နမ်နိုင်ငံ၌ ရှိနေစဉ်အတွင်း တရုတ် တပ်မှူးသည် Da Nangဆိုင်ရာ စစ်ဘက်နှင့် အစိုးရမှ ခေါင်းဆောင်များနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ဗီယက်နမ် ရေတပ် အမှတ်-၃ စစ်ဌာန ဗိုလ်ချုပ် Mei Zhongding မှ ကြီးမှူးကျင်းပသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ ကြောင်း၊ တရုတ်တပ်မှူးတပ်သားကိုယ်စားလှယ်များသည် ဗီယက်နမ် ရေတပ် အမှတ်-၃ စစ်ဌာနချုပ်သို့ လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဗီယက်နမ်ရေတပ် တပ်မှူးတပ်သားများနှင့် ကူးလူးဖလှယ်ပွဲ နှင့် ချစ်ကြည်ရေးအားကစားပြိုင်ပွဲများလည်း ကျင်းပခဲ့ကြောင်း၊ ထို့ပြင် Qi Jiguangသင်္ဘောသည် တံခါးဖွင့်လှုပ်ရှားမှု ၃ကြိမ်ကျင်းပခဲ့ပြီး ဗီယက်နမ်စစ်ဘက်၊ ဒေသခံ မြို့သူမြို့သားများ၊ တရုတ်အနွယ်ဖွားများ နှင့် တရုတ်ကုမ္ပဏီမှဝန်ထမ်းများလည်း သင်္ဘောပေါ်ကိုလာရောက် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။