ကွမ်ရှီး နန်နင်းတွင် လမ်းပြိုကျမှု ဖြစ်ပွား

(GMT+08:00)2023-05-26 12:23:52  

      မေလ ၂၅ရက်နေ့က တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့ရှိ Huahai လမ်းနှင့် Lihua လမ်းဆုံတွင် ပြိုကျမှု ဖြစ်ပွားခဲ့ရာ လူသေကြေ အနာတရဖြစ်မှုမရှိပါ။ လမ်းပြိုကျရသည့် အကြောင်းရင်းကို  စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ကွင်းဆင်းပြုပြင်ရေးဝန်ထမ်းများက ပြောပါသည်။  လမ်းပြိုကျမှု ထပ်မံ တိုးမလာစေဖို့အတွက်  နန်နင်းမြို့သက်ဆိုင်ရာဌာနများသည် ဝန်ထမ်းများကို စေလွှတ်ပြီး ၂၄နာရီမပြတ် တာဝန်ထမ်းဆောင်မည် ဖြစ်သည့်အပြင် အရံအတားများ တိုးချဲ့ချထားရန်လည်း စီစဉ်နေကြောင်းသိရပါသည်။探访“神话之鸟”