ရှီကျင့်ဖိန်သည် ၂၀၂၃ Zhongguancun ဖိုရမ်သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2023-05-26 12:20:53  

မေလ ၂၅ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၃ Zhongguancun ဖိုရမ်သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က လက်ရှိအချိန်တွင် လူသားများသည် ဘုံဖွံ့ဖြိုးရေးဆိုင်ရာ အခက်အခဲများ ဖြေရှင်းရန်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ တံခါးဖွင့်မှုနှင့် မျှဝေခံစားမှုကို ယခင်အချိန်ကထက် ပိုမိုလိုအပ်ကြောင်း၊ တရုတ်နိုင်ငံသည် အပြန်အလှန် အကျိုးရှိပြီး အတူအနိုင်ရရှိစေသော တံခါးဖွင့်မဟာဗျူဟာကို ပြတ်ပြတ်သားသား စွဲကိုင်ကျင့်သုံးပြီး ကမ္ဘာ့နိုင်ငံများနှင့် လက်တွဲ၍ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ကာ၊ နိုင်ငံအသီးသီးမှ ပြည်သူများအား သိပ္ပံနည်းပညာဖြင့် ပိုမိုကောင်းမွန်စွာ အကျိုးပြု စွမ်းဆောင်ရန် တွန်းအားပေးလိုကြောင်းဖော်ပြခဲ့သည် ဟု သတင်းအရသိရပါသည်။