တရုတ်ကိုကြည့်ဖို့ လာအိုကျောင်းသားတွေ မျှော်လင့်ထားတာထက်ပိုနီးတဲ့ အမြန်ရထားစီးကြ

(GMT+08:00)2023-05-26 12:22:11  

မေလ၂၅ရက်နေ့က ၆ ကြိမ်မြောက် "Belt and Road၊ ပြည်သူအချင်းချင်းသိရှိနားလည်မှု" အစီအစဉ်နဲ့ တရုတ်-လာအို ကျောင်းသားများ  အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အတူတကွနွှဲပျော်ကြခြင်း လှုပ်ရှားမှုကို ပါဝင်ကြတဲ့ လာအိုကျောင်းသား ၁၀၀ ကျော်တို့သည်  တရုတ်-လာအို မီးရထား နိုင်ငံတကာခရီးသည်တင်ရထားဖြင့် တရုတ်ခရီးစဉ်ရဲ့ဒုတိယနေရာ ကူမင်းမြို့ကိုရောက်လာကြပါတယ်။ အဲဒီနောက် ၁၆ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပေကျင်း၊ ရှီးအန်း၊ ရှမင်၊ ကွမ်ကျိုးနဲ့အခြားနေရာများကိုအမြန်ရထားဖြင့် ဆက်လက်သွားမှာဖြစ်ပါတယ်။